တနိုင်းပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးစွမ်းဆောင်ရည် မြင့်မားမှုသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော စည်းရုံးရေး စွမ်းဆောင်ရည်မြင့်မားမှုသင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာ (၂၅) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

tanine1

သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးကေဆမ်အောန်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူး များနှင့် သင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် တနိုင်းမြို့နယ်ပါတီတာဝန်ခံ ဦးကေဆမ်အောန်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ကိုမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းပို့ချမှုတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးကေဆမ်အောန် (တနိုင်းမြို့နယ်တာဝန်ခံ) မှ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သိမှတ်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့် သင်တန်းစတင်ပို့ချခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply