တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ မိုင်းဖုန်း(က)အုပ်စု၊ ဆမ်ဖူးရွာဘုန်းတော်ကြီးကျောင်း ကထိန်အလှူပွဲ ပါဝင်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ တပည့် ဆရာတော် သံဃာတော်များနှင့်အတူ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်မှ ဦးဆောင်၍ အမျိုးသမီး(၃၀)ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းလုံထီး၊ မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးစိုင်းအောင်မြတ်နှင့် ပါတီလူငယ်အဖွဲ့ တို့သည် အောက်တိုဘာ (၂၄) ရက် နံနက် (၉) နာရီက မိုင်းဖုန်း(က)အုပ်စု၊ ဆမ်ဖူးဘုန်းတော်ကြီးကျောင်း ကထိန် အလှူကောင်းမှုကုသိုလ်ပြုရန် ထွက်ခွာခဲ့ကြသည်။

14712542_691611887681043_5687175727530920961_o

ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပါဆာ၊ ဆမ်ဖူးကြားရေချောင်းတွင် ခေတ္တရပ်ပြီး ဇီဝိတဒါန ငါးလွှတ်ခြင်းကုသိုလ်ပြု ဆောင်ရွက်ကာ ဆမ်ဖူးရွာ မူလတန်းကျောင်း၌ အလှူရှင်များ စုစည်း၍ လှူဖွယ်ငွေဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများအား ရှမ်းအိုးစည်အတီးများဖြင့် မူလတန်းကျောင်းမှ စုပေါင်းလမ်းလျှောက်ကာ ဆမ်ဖူးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

မွန်းလွဲ (၁၂) နာရီခွဲအချိန်တွင် ကထိန်အလှူရေစက်ချတရားနာပွဲကိုကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆမ်ဖူး ဘုန်းတော်ကြီးကျောင်း ကထိန်အလှူရှင်တွင် ပြည်ခိုင်ဖြိုးပါတီမှ တစ်ဦးခြင်းအလှူငွေနှင့်အတူ ဆန်ဆိုင်း (က) ရပ်ကွက် ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်နှင့်အဖွဲ့က စုပေါင်း၍ ထိုင်းဘတ်(၂) သောင်းကျော် ပါဝင်လှူဒါန်းခဲ့ ကြောင်း သိရသည်။

# Myo Thant


Leave a Reply