ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး (၂၂)ကြိမ်မြောက်၊ ဆီမီး (၈၄ဝဝဝ) ထွန်းညှိပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်း ဘုရားကြီး (၂၂) ကြိမ်မြောက်၊ ဆီမီး (၈၄ဝဝဝ) ထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါဘုရားကြီး၌ အောက်တိုဘာ (၁၅)ရက် ည(၇)နာရီအချိန်တွင် ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်နိုင် နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဆီမီး (၈၄ဝဝဝ) မတည်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင်/မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ တက်ရောက်ကြသည်။

new-picture-2

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ဗဟိုဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ဗဟိုဆီမီးတိုင်အား တိုင်းဒေသကြီးလွတ်တော်ဥက္ကဌ ဦးအောင်ကျော်နိုင်က စက်ခလုပ်နှိပ် ထွန်းညှိပူဇော်ကာ တက်ရောက်လာကြသော လူမှုရေးအသင်း အဖွဲ့အစည်းများ ဘာသာရေးသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူ လူထုတို့မှ ဆီမီးများကို ပြိုင်တူထွန်းညှိ ပူဇော်ကြသည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် အဖွဲ့သည် ဆီမီး (၈၄ဝဝဝ) ပူဇော်ပွဲသို့ ညစဉ်လာရောက် ဖျော်ဖြေမည့် ဆိုင်းအဖွဲ့အတွက် အလှူငွေများ ချီးမြှင့်ခဲ့သည်။

နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး ဆီမီးပူဇော်ပွဲအား နှစ်စဉ်ပူဇော်နေကြအတိုင်း တစ်ည လျှင် ဆီမီး (၂၈ဝဝဝ) ဖြင့် သုံးညတိုင် ဆီမီး (၈၄ဝဝဝ) ပူဇော်ခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာများနှင့် ဟင်္သာတမြို့ပေါ်မှ အင်အား(၅ဝဝဝ)ကျော် တက်ရောက်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply