ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့ရှိ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ အနွေးအင်္ကျီ၊ လူနာသုံးကုတင်၊ မွှေ့ရာ၊ အောက်စီဂျင်အိုးနှင့် အသစ်ဆောက်လုပ်မည့် တစ်ထပ်ဆောင် တစ်ဆောင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း တို့သည် ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင် နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များနှင့် အတူ အောက်တိုဘာ (၁၅) ရက် နံနက်(၉)နာရီ(၃ဝ)မိနစ်အချိန်က ဟင်္သာတမြို့၊ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိရာ ရိပ်သာတာဝန်ခံ ကိုထွန်းဝင်းအောင်နှင့် မသင်းရွှေဇင်လှိုင်တို့ မှ ရိပ်သာနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် ထားရှိမှုများ၊  ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်း ပြောကြားသည်။

new-picture-2

ထို့နောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့က ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာအတွက် အနွေးအင်္ကျီများ၊ လူနာသုံးကုတင်(၁)လုံး၊ မွှေ့ရာ (၁)ခု၊ အောက်စီဂျင်အိုး(၁)လုံးနှင့် အသစ်ဆောက်လုပ်မည့် တစ်ထပ်ဆောင်တစ်ဆောင်အတွက် အလှူငွေ များအား ပေးအပ်လှူဒါန်းရာ ရိပ်သာတာဝန်ခံ ကိုထွန်းဝင်းအောင်နှင့်မသင်းရွှေဇင်လှိုင် တို့က လက်ခံရယူပြီး နောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်အဖွဲ့သည် ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား များအား အနွေးအင်္ကျီများ တစ်ဦးချင်း လိုက်လံပေးအပ်ပြီး ကြည့်ရှု့ အားပေးခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply