ခင်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီဘုရားနှစ်ဆူအား ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနနှင့် ဝတ္ထုငွေများလှူဒါန်း

khin-oo

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီ ဘုရားနှစ်ဆူအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှစုပေါင်း၍ အောက်တိုဘာ (၁၀) ရက် နံနက် ၉ နာရီက လုပ်အားဒါန သန့်ရှင်းရေးများ ပြုလုပ်၍ ဝတ္ထုငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီနှစ်ဆူမှာ ခင်ဦးမြို့ အောင်သီရိရပ်ကွက်ရှိ “စာရေးကြီး” စေတီဘုရား သည် ပြိုကျပျက်စီးနေသဖြင့် ခင်ဦးမြိုနယ်ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များနှင့် ပါတီဝင်များက လုပ်အားဒါန သန့်ရှင်းရေးများပြုလုပ်၍ ပြန်လည်ပြုပြင်ရန်အတွက် မြေထူးပရိယတ္တိစာသင်တိုက် စာချဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တဝိစိတ္တသာရ အရှင်သူမြတ်ထံသို့ မြို့နယ်ပါတီဦးထွန်းမြင့်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်မင်းတို့က ဝတ္ထုငွေ ကျပ် တစ်သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်းမြင့် ဦးဆောင်၍ အလုပ်အမှုဆောင်များနှင့် ပါတီဝင်များသည် ရှေးဟောင်းသမိုင်းဝင် အညာသီဟတောဘုရားသို့ သွားရောက်၍ လုပ်အားဒါန သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

စံ(ခင်ဦး) 


Leave a Reply