လျှပ်စစ်ကားထုတ်လုပ်ဖို့အတွက် လမ်ဘော်ဂီနီရဲ့ ဝါရင့်ဒီဇိုင်းပညာရှင်ကို ခေါ်ယူခဲ့တဲ့ Apple

Apple ကုမ္ပဏီဟာ သူတို့ရဲ့လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းအတွက် လမ်ဘော်ဂီနီ (Lamborghini)ကုမ္ပဏီရဲ့ ဝါရင့်ဒီဇိုင်းပညာရှင် လူဂီတာရာဘော်ရယ်လီကို ခေါ်ယူအားဖြည့်လိုက်ပါတယ်။

လမ်ဘော်ဂီနီကုမ္ပဏီမှာ နှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့တဲ့ တာရာဘော်ရယ်လီဟာ ကားကိုယ်ထည်၊ dynamics engineering ၊ သုတေသနနဲ့ မွမ်းမံပြင်ဆင်မှု ၊ ကိုယ်ထည်အောက်ပိုင်းပစ္စည်းတွေ၊ ကားဘီး၊ ကားတာယာ၊ စတီယာရင်၊ ဘရိတ်စနစ်၊ exhaust စနစ်၊ လောင်စာဆီစနစ်နဲ့ ယာဉ်မောင်းအထောက်အကူပြု နည်းပညာတွေရဲ့ ဒီဇိုင်းပိုင်းကို ဦးဆောင်ခဲ့သူပါ။

Apple ကုမပ္ဏီဟာ ၂၀၂၅ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ထုတ်လုပ်ဖို့ ရှိနေပြီး ကားထုတ်လုပ်ရေးလုပ်ငန်းရဲ့ ဝါရင့်ပညာရှင်တွေကို ခေါ်ယူအားဖြည့်လျက်ရှိပါတယ်။ Ford ကုမ္ပဏီမှာ နှစ် ၃၀ ကျော် အလုပ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာ အက်ကာရှီဗစ်ကလည်း အခုနှစ်အစောပိုင်းမှာ Apple ရဲ့ EV (electric vehicle) Team နဲ့ ပူးပေါင်းခဲ့ပါတယ်။

Ref: Former Lamborghini executive joins Apple to lead design of EV

Team ( ရိုးရာလေး)