လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း

လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် အောက်တိုဘာ (၇) ရက် မွန်းတည့် ၁၂ နာရီတွင် နွားလဝိုးကျေးရွာ အုပ်စုရှိ ပဒါးညေးကျေးရွာနှင့် လယ်ထွဲကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဒေသခံများနှင့် တွေ့ဆုံကြသည်။

kayah

၎င်းတွေ့ဆုံရာတွင် ဒေသခံလူငယ်မောင်မယ်များမှ ဝါတွင်းကာလ ဆွမ်းတော်စာပြင်ဆင်ရန်အတွက် အလှူငွေကျပ် ၃ဝဝဝဝ စီကို လူငယ်ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းပြီး ဘုရားမီး ပူဇော်ရန်အတွက် လျှပ်စစ်ရောင်စုံ မီးကုံးများကို လှူဒါန်းပေးခဲ့သည်။

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေက ရွာရှိလူငယ်မောင်မယ်များကို ပါတီ၏မူဝါဒနှင့် ရှေ့ လုပ်ငန်းစဉ်များ၊ လူငယ်ရေးရာကဏ္ဍများအကြောင်းနှင့် ရပ်ရွာပြည်သူ အကျိုးပြုပုံအကြောင်းကို ရှင်းလင်း ဆွေးနွေးပြောကြားကာ မွန်းလွဲ ၁ နာရီခွဲတွင်  တွေ့ဆုံပွဲပြီးစီးပြီး တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား ၅ဝကျော် တက်ရောက်ကြောင်း သိရသည်။

 


Leave a Reply