ကရင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂) ရက် နေ့လည် (၁၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ  ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဥိးစောမြင့်ဦး မှ ရှေ့လုပ်ငန်းစဉ် (၇) ရပ်ကို ဆွေးနွေးပြောကြား၍ အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကိုမှ လုပ်ငန်းဆောင်ရွက်ရမည့်တာဝန်များ ဖြည့်စွက်မှာကြားခဲ့သည်။

14463018_310993972601126_6173702416579869263_n

ဆက်လက်၍ ပြည်နယ်ပါတီကော်မတိများ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများမှ မြို့နယ်အလိုက် ဆောင်ရွက်ထားရှိမှု များအား ပြန်လည်ဆွေးနွေးတင်ပြ၍ ပြည်နယ်ပါတီဥက္ကဋ္ဌမှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာ စကားပြောကြားပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

U Myint Oo


Leave a Reply