ထူးချွန်ကျောင်းသားကျောင်းသူများ ဂုဏ်ပြုပွဲ ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန်တိုင်းဒေသကြီးရန်ကင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်တွင်းရှိ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထူးချွန်ကျောင်းသားကျောင်းသူများ ကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၉ နာရီက ပါတီ ခန်းမ၌ ဂုဏ်ပြုပွဲကျင်းပသည်။

အဆိုပါဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆုပေးပွဲတွင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးက အမှာစကားပြောကြားပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူ ခြောက်ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ငါးဘာသာ ခုနစ်ဦး၊ လေးဘာသာ ၁၁ ဦး၊ သုံးဘာသာ ခုနစ်ဦး၊ တစ်ဘာသာ ၁၄ ဦးတို့အား ဂုဏ်ထူးဆောင်တံဆိပ်များနှင့် ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆရာအောင်(ရန်ကင်း)


Leave a Reply