ထိုင်ဝမ်ကို တိုင်ဖွန်းမီဂီ ယနေ့ ဝင်ရောက်တိုက်ခတ်မည်

14470750_1246245902066224_763812729_n

ထိုင်ဝမ်ကို သီတင်းနှစ်ပတ်အတွင်း တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ယနေ့ (စက်တင်ဘာ ၂၇ ရက်) ဝင်ရောက် မှာ ဖြစ်တာကြောင့် လေယာဉ်နဲ့ ရထားခရီးစဉ်များ ဖျက်သိမ်းထားပြီး လုပ်ငန်းများနဲ့ ကျောင်းများလည်း ပိတ်ထား ကြောင်း သိရပါတယ်။

ထို့အတူ ထိုင်ဝမ်ငွေကြေးဈေးကွက်ကိုလည်း ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ဖွန်း မုန်တိုင်း မီဂီက ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းဒေသကို ယနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုနဲ့ ပင်လယ်ရေလှိုင်းမြင့်တက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ မုန်တိုင်းဝင်ရောက်မယ့်ဒေသမှာ ကူညီမှုများပြုလုပ်နိုင်ရန် စစ်သား ၃၅,၀၀၀ ကို အသင့်ရှိ နေစေရန် ထိုင်ဝမ်အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။

ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမှာ ယခုလအတွင်း စူပါတိုင်ဖွန်း မီရန်တီနဲ့ တိုင်ဖွန်းမုန်တိုင်း မာလာကက်စ်တို့ တိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

# Duwun


Leave a Reply