နိုင်ငံတွင်းသို့ မလေးရှားအိုင်အက်စ် တို့ စိမ့်ဝင်လာသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံတွင် လုံခြုံရေး သတိပေးချက် တိုးမြှင့်

ထိုင်းနိုင်ငံတောင်ပိုင်းသို့ အိုင်အက်အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော မလေးရှားနိုင်ငံသားတစ်ဦး ရောက်ရှိ လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ထိုင်းလုံခြုံရေး အေဂျင်စီများက လုံခြုံရေး သတိပေးချက်များ ထုတ်ပြန်ထားသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ကွန်ချီတန်ထရာဗန်နစ်ရှ်က ထိုင်းဒုတိယ ၀န်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ပရာပတ်ဝေါဆူဝန်တို့သည် သတင်းပို့ချက်ကို စိစစ်ပြီး သတင်းအချက် အလက်များလဲလှယ်ရန် ထောက်လှမ်းရေး အေဂျင်စီများကို ညွှန်ကြားထား ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခုထဲတွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီး ကွန်ချီတန်က “အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ အဆင့်မြင့် သတိပေးချက် ထုတ်ပြန်ဖို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ တပ်မတော်ဒေသ ၄ ကို တာဝန်ချထားပါတယ်” ဟု ပြောဆို ထားသည်။ သို့သော် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတောင်ပိုင်းကိုဖြတ်၍ အိုင်အက်စ်အဖွဲ့နှင့် တော်ဝင်ထိုင်း ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဒေသ ၄ ကို တာဝန် ချထားပါတယ် ဟုပြောဆိုထားသည်။

သို့သော် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတောင်ပိုင်းကို ဖြတ်၍ အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်ထားသော ပုဂ္ဂိုလ် တစ်ဦးနှင့် ပတ်သက်သောသတင်းကို မလေးရှာနိုင်ငံထံမှ ပေးပို့ထားခြင်း မရှိသေးပေး။

ဗိုလ်မှူးကြီး ကွန်ချီတန်က ပြည်သူများအနေဖြင့် ခြိမ်ခြောက်မှုအန္တရာယ်များမှ တိုင်းပြည်လုံခြုံမှုရှိ စေရန် အစိုးရနှင့် လုံခြုံရေးအေဂျင်စီများကို ယုံကြည်ကြရန် ပြောဆိုထားသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မလေးရှားရဲတပ်ဖွဲ့ အထွေထွေထောက်လှမ်းရေးမှူး ခါလစ်အဘူဘက်ကာ က အိုင်အက်စ် အဖွဲ့နှင့် ဆက်စပ်နေသော အမျိုးသား လေးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ ထားကြောင်း ကြေညာထားသည်။

Ref:Bernama