ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ မော်လမြိုင်ခရိုင်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း သည် စက်တင်ဘာလ (၁၈) ရက် နံနက် (၁၁) နာရီအချိန်တွင် မော်လမြိုင်ခရိုင်ပါတီရုံးတွင် ခရိုင်ပါတီကော်မတီ ၀င်များအား တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး နှင့် ခရိုင်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်ပါတီကော်မတီအစည်းအဝေးအား တစ်ဆက်တည်း ကျင်းပပြုလုပ်ကာ အစည်းအဝေးကို ညနေ (၃) နာရီခွဲအချိန်တွင် ပြီးဆုံးကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီမွန်ပြည်နယ်


Leave a Reply