ဆေးကုသမှုခံယူနေသည့် ကလေးငယ်နှစ်ဦးအား တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီထောက်ပံ့ကူညီ

 

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်(ခရိုင်နယ်မြေတာဝန်ခံ) ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ တောင်သာမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦးနှင့်မြို့နယ် ပါတီကော်မတီဝင်များသည် တောင်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာမှ မိသားစုအတွက် ထောက်ပံ့ငွေကျပ်သုံးသိန်းအား ယနေ့မွန်းလွဲ ၂နာရီတွင် သွားရောက်လှူဒါန်းခဲ့သည်။

တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာမှ ဦးကျော်ကျော်ထွန်း၊ ဒေါ်ပုနှင့်သားသမီးသုံးဦးတို့သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၁ဝ နာရီခန့်က တီဘီရောဂါဒဏ်နှင့်ဆင်းရဲနွမ်းပါးသည့်ဒဏ်ကို မခံစားနိုင်ခြင်းတို့ကြောင့် မိဘများမှ ကြွက်ဆေးသောက်သုံးခြင်း၊ သားသမီးများအားတိုက်ခြင်း၊ ဓားဖြင့် အပြန်အလှန်ခုတ်ခြင်း၊ သားသမီးများအားခုတ်ခြင်းများကြံစည်ခဲ့ရာ သမီးဖြစ်သူမဝင်းစန္ဒာ (တစ်နှစ်လေးလ)မှာ သေဆုံးခဲ့ပြီး သားဖြစ်သူဇင်ကိုထက်(ရှစ်နှစ်) နှင့်ဝင်းဝင်းထက်(ငါးနှစ်)တို့မှာ ဓားဒဏ်ရာများရရှိကာ ဆေးကုသ မှုခံယူခဲ့ပြီးဖြစ်သည်။ ကလေးငယ်များ၏ ဆေးကုသမှုအထောက် အပံ့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကိုပြည့်(တောင်သာ)