ခရိုင်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဂုဏ်ပြုဆုချီးမြှင့်ပွဲ တက်ရောက်အားပေး

ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်မှ ကြီးမှူး ကျင်းပသော နိုင်ငံတကာငြိမ်းချမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ (စက်တင် ဘာလ ၂၁ ရက်) နံနက် (၉) နာရီအချိန်တွင် တာချီလိတ်မြို့ (ရွှေမဟာ) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်(အရံ) ကော်မတီဝင် ဦးဘိုဘိုမောင်နှင့် ပါတီဝင် လူငယ်များ တက်ရောက်အားပေးခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံမှ ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများကို ဆုများ
ပေးအပ်ပေး ခဲ့ကြောင်း သိရသည်။

# Myo Thant


Leave a Reply