ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား မန္တလေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် ပူဇော်ကန်တော့

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)နာယက အဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း နေထိုင်လျက်ရှိသော အသက် ၁ဝဝ ကျော် ဘိုးဘွားခုနစ်ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့မှ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

14322615_647253815444133_6923204803569051756_n

သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အတူ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော် မတီဝင် ဦးမျိုးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းနှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်တို့သည် မန္တလေးခရိုင် အတွင်းရှိ အသက်၁ဝဝကျော် ဘိုးဘွားများနေထိုင်ရာ ရပ်ကွက်များမှ နေအိမ်များသို့ အိမ်တိုင်ရာရောက်သွားရောက်ကာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်၂ဝဝဝဝဝနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများအား ပူဇော်ကန်တော့ခဲ့ကြသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း ပူဇော်ကန်တော့ခဲ့သည့် အသက်ရာကျော် ဘိုးဘွားခုနစ်ဦးသည် အသက် ၁ဝဝ မှ ၁ဝ၃ နှစ်ကျော်အတွင်း သက်တမ်းရှိပြီဖြစ်သော အဘိုးတစ်ဦးနှင့် အဘွား ခြောက်ဦးတို့ဖြစ်ကြောင်း၊ ရာဇသင်္ဂဟဖောင်ဒေးရှင်း အနေဖြင့် နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံအရပ်ရပ်မှ အသက် ၁ဝဝနှင့်အထက် သက်ကြီးဘိုးဘွားများအား ဂုဏ်ပြု ပူဇော်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

သုတ


Leave a Reply