ကျောင်းသားကျောင်းသူများအား အာဟာရနို့ဆန်ပြုတ်များတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များသည် စက်တင်ဘာလ (၁၂) ရက် နံနက် ၁ဝ နာရီတွင် ရှားခဲတိုက်နယ်၊ ပိတောက်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူ ၁၉၁ဦးတို့အား နို့ဆန်ပြုတ်များဖြင့် အာဟာရတိုက်ကျွေးခဲ့ပြီး နံနက် ၁၁ နာရီတွင် လယ်တီကုန်း ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၃ ဦးတို့ကို နို့ဆန်ပြုတ်များ ဖြင့် အာဟာရတိုက်ကျွေးခဲ့သည်။

ဆက်လက်၍ ရှားခဲတိုက်နယ် ဆေးရုံတွင် တက်ရောက်ဆေး ကုသမှုခံယူနေသော မြို့နယ် အရန်ကော်မတီဝင် ဦးမျိုးဦး၏ မိခင်အား သွားရောက်ကြည့်ရှုအားပေးကာ ဆေးဖိုး ထောက်ပံ့ငွေကျပ် ၃ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Union daily


Leave a Reply