Android ပေါ်တွင် Apple Music ကို download ပြုလုပ်သည့်အရေအတွက် ၁၀ သန်း ကျော်လွန်

Google Play store တွင် Apple Music ကို download ပြုလုပ်သည့်အရေအတွက် ၁၀ သန်း ကျော်လွန်ခဲ့ကြောင်း သိရသည်။ Android အတွက် လွန်ခဲ့သည့် ဆယ်လက ဖြန့်ချိခဲ့သည့် Apple Music app ကို install ပြုလုပ်သည့်အရေအတွက်သည် ၁၀ သန်းမှ သန်း ၅၀ အကြားရှိလာခဲ့သည်။

apple_music_android

Apple Music ကို iPhone, iPad နှင့် iPod touch အတွက် ပွဲထုတ်မိတ်ဆက်ပြီး လေးလခန့်အကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် Android အတွက် ဖြန့်ချိခဲ့ပေးသည်။ အဆိုပါ streaming music ဝန်ဆောင်မှု app သည် iOS app အတိုင်း ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များ တူညီသည်။

ဇွန်လတွင်ကျင်းပခဲ့သော WWDC 2016 တွင် ပြောကြားချက်အရ Apple ၏ streaming music ဝန်ဆောင်မှုကို အခပေးသုံးစွဲသူ ၁၅ သန်းရှိကြောင်း၊ ထိုအချိန်တွင် အဆိုပါနယ်ပယ်၌ ဦးဆောင်နေသည့် Spotify ကို အခပေးသုံးစွဲသူ သန်း ၃၀ ရှိကြောင်း သိရသည်။

Android အတွက် Apple Music ကို Android 4.3 နှင့်အထက် အသုံးပြုထားသော ထုတ်ကုန်များထံတွင် Google Play မှ အခမဲ့ ရယူကာ အသုံးပြုနိုင်သည်။

Ref: MacRumors

# Internet Journal


Leave a Reply