ဖင်လန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ မန္တလေးတွင် လာရောက်ဆွေးနွေး

14233746_1047665931998172_1592511918_o

ဖင်လန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများနှင့် မန္တလေးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက် ရန် ‘‘ဖင်လန် နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းလုပ် ကိုင်ခြင်း’’အမည်ရှိ ဆွေးနွေးပွဲကို ယခုလ ၈ ရက်က မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တွင် ပြုလုပ်ခဲ့သည်။

‘‘ဖင်လန်နိုင်ငံဟာ အရက်နဲ့ ဆေးလိပ်ကလွဲရင် ကျန်တဲ့ထုတ် ကုန်အားလုံးကို မြှင့်တင်ပေးသွား မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားပြီး ပူးပေါင်းလိုတဲ့ လုပ်ငန်းတွေရှိတယ်ဆိုရင် စိတ်ဝင် စားကြောင်း အဆိုပြုလွှာကို လိုအပ်တဲ့ အချက်အလက်တွေနဲ့အတူ တင်ပြနိုင်သလို သံရုံးမှာလည်း လာပြီး ဆွေးနွေးနိုင်ပါတယ်’’ ဟု ဖင်လန်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ ပရိုဂရမ်ဒါ ရိုက်တာ Ms.Siv Ahlberg က ပြောကြားသည်။

ဖင်လန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးသော နည်းပညာကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ဆောက် လုပ် ရေးနည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သတ္တုတူး ဖော်ရေး၊ ကျန်းမာရေးနှင့် ဆေးဝါး ပစ္စည်းဆိုင်ရာကဏ္ဍတို့တွင် ပြည် တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်အားထက် သန်နေကြောင်း သိရသည်။

‘‘ဒါကဖင်လန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မန္တလေးဒေသက စီးပွားရေးလုပ်ငန်းရှင်တွေကို မိတ်ဆက်ပေးတဲ့ အနေနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခု ဖြစ်ပါတယ်။ ဒီပွဲကနေတစ် ဆင့် စီးပွားရေးလုပ်ငန်းတွေ အ ချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်’’ဟု မန္တလေးတိုင်းကုန်သည် များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖင်လန်နိုင်ငံမှ ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် စီးပွား ရေးလုပ်ငန်းရှင်များက အဆိုပြုလွှာများ တင်ပြခြင်း၊ မြန်မာလုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့နှင့် တွဲဖက်လုပ် ကိုင်လိုသည့် လုပ်ငန်းများကို အဆိုပြုလွှာများ ပေးပို့နိုင်ရန် တောင်းခံခြင်းတို့ ပြုလုပ်ခဲ့ပြီး ဖင်လန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၁၃ ခုခန့်က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း များ လာရောက်လုပ်ကိုင်ရန် စိတ် ၀င်စားနေကြောင်း သိရသည်။


Leave a Reply