ဆံပင်အရောင်ပြောင်းလိုက်ရခြင်း အကြောင်းအရင်းကို မက်ဆီ ဖွင့်ဟ

Messi-blonde-hair-MAIN

နွေရာသီကာလအတွင်း အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ဖလားကစားပြီးနောက် လူမြင်ကွင်း ပြန်ထွက်လာတဲ့ အချိန်မှာ ဆံပင်တစ်ခေါင်းလုံး ရွှေရောင် ဆိုးထားတဲ့ မက်ဆီရဲ့ဖြစ်ရပ်ဟာ ပရိသတ်တွေအတွက် ထူးဆန်းခဲ့ပါတယ်။

အခုတော့ မက်ဆီက သူဘာကြောင့် ဆံပင်တွေ အရောင်ပြောင်းပစ်လိုက်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ပြောပြ လိုက်က်ပါပြီ။ စိတ်ထိခိုက်နာကျင်ခဲ့ရမှုတွေက ရုန်းထွက်ပြီး အသစ်က ပြန်စချင်တဲ့အတွက် ဆံပင်တွေအရောင်ဆိုးပြီး စိတ်ကိုပြုပြင်လိုက်ရတာဖြစ်တယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။ ကိုပါအမေရိက ဗိုလ်လုပွဲမှာ ချီလီအသင်းကို ရှုံးခဲ့ပြီးတဲ့နောက် မက်ဆီက သူ့ရဲ့လက်ရွေးစင်ဘဝ ပြီးဆုံးပြီဆိုပြီး  ပြောကြားခဲ့ပါတယ်။

” အသစ်က ပြန်စချင်တဲ့အတွက် ကျွန်တော်အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်ရှုပ်ထွေး နောက်ကျိစရာ ကျွန်တော့်အတွက် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြောင်းလဲဖို့ ကျွန်တော် စဉ်းစားမိခဲ့တာပါ။ ဒီအရာတွေကနေ ရုန်းထွက်ပြီး မင်းအသစ်က ပြန်စရမယ်လို့ ကျွန်တော့်ကို ကျွန်တော် သတိပေး ခဲ့ပါ” လို့ မက်ဆီက ပြောပါတယ်။

လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှု မရတဲ့နောက် အာဂျင်တီးနား လက်ရွေးစင်ဘဝက အနားယူတော့မယ်လို့ ကြေညာခဲ့ပေမဲ့ နှစ်လလောက်အကြာမှာ ဆုံးဖြတ်ချက် ကို ပြန်ပြင်ပြီး အသင်းအတွက် ပြန်ကစားပေးခဲ့ပါတယ်။

Source : Mirror


Leave a Reply