စစ်တွေသို့ ရောက်ရှိလာသည့် ကိုဖီအာနမ် ကို ဒေသခံများမှ ဆန္ဒပြ

ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနမ် ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းက စစ်တွေသို့ရောက်ရှိလာစဉ် လေဆိပ်ထွက်လမ်း တစ်လျှောက်၌ ဒေသခံ ၃၀၀ ခန့်က ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

4_20

ယင်းသို့ ဆန္ဒထုတ်ဖော်ရာ၌ ကိုင်ဆောင်သော ဆိုင်းဘုတ်များတွင် ကိုဖီအာနမ် အလိုမရှိကြောင်းနှင့် မြန်မာ ပြည်တွင်းမှ တတ်သိပညာရှင်များ ထည့်သွင်းသင့်ကြောင်း ရေးသားထားသည်ကို တွေ့ရပါသည်။

“ကျွန်မတို့က ခွင့်ပြုချက်တင်ပြီး ဆန္ဒထုတ်ဖော်တာပါ။ ကိုဖီအာနမ် ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်တာကို သဘောမတူ ပါဘူး။ ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်၊ အဲဒါကို နိုင်ငံတကာကလူတွေ ခေါ်ယူလာပြီး ရခိုင်ပြည်နယ်ပြဿနာကို အဖြေရှာမယ်ဆိုတာဟာ လုံးဝလက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး၊ ရခိုင်ပြည်နယ် အရေးကို ရခိုင်တွေကမဖြေရှင်းရင် ဘယ်သူမှ ရှင်းလို့ရမှာမဟုတ်ဘူး။ ရခိုင်ပြည်သားတွေလောက် ရခိုင်ပြည်နယ် အရေးကို နဖူးတွေ့ဒူးတွေ့ သိတဲ့လူ ဆိုတာ ရှိနိုင်မလား၊ အဝေးကကြည့်နေတာက လက်တွေ့နဲ့ အများကြီး ကွာ ခြားတယ်၊ ဒါကြောင့် ကိုဖီအာနမ် ဦးဆောင်တဲ့အဖွဲ့ကို ကန့်ကွက်တာပါ” ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ဦးဆောင်သူ ဒေါ်ကျော့်စိန် က ပြောသည်။

# Eleven


Leave a Reply