လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန်မလိုအပ်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံတွင် လီဆူအမျိုးသားတိုးတက်ရေးပါတီက လီဆူအထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသတ်မှတ်ပေးရန် ဆွေးနွေး ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရန် မလိုအပ်ကြောင်း ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဘောထားထုတ်ပြန်သည်။

လီဆူမျိုးနွယ်များသည် ကချင်မျိုးနွယ်စု ခြောက်မျိုးတွင်ပါဝင်ပြီး ဖြစ်သောကြောင့်လည်းကောင်း၊ လီဆူမျိုးနွယ်များ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပုံများ ကြောင့်လည်းကောင်း၊ လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးရန် မလိုအပ်ကြောင်း ယင်းထုတ်ပြန်ချက် တွင်ပါရှိသည်။
ထို့ပြင် ကချင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်နယ်ဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများကဲ့သို့ အမည်နာမ ပြောင်းလဲခေါ်ဆိုရန် တင်ပြခြင်းသည် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ သော ခေါင်းဆောင်ကြီးများကို မထီမဲ့မြင်ပြုရာ ရောက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လီဆူမျိုးနွယ်များသည် မှတ်ပုံတင်ပြုလုပ်ရန် ခက်ခဲလျက်ရှိသော်လည်း အခြားလူမျိုးများသည်လည်း မှတ်ပုံတင် ပြုလုပ်ရန် ခက်ခဲလျက်ရှိကြောင်း၊ ထိုပြဿနာသည် နောင်အခါ ကြီးမားသောပြဿနာဖြစ်လာ မည်ဖြစ်သော ကြောင့် မှတ်ပုံတင်ပြဿနာကို ၁၉၈၂ မြန်မာနိုင်ငံသားများဥပဒေအရ သတ်မှတ်ပေးရန်လည်း တောင်းဆို တိုက်တွန်းကြောင်း ပါရှိသည်။

ရကောက် 

Union daily


Leave a Reply