ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍(၂၆)ကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၃) ရက် နံနက် (၉) နာရီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင် ၂ဝဝ ကျော်တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းက အမှာစကား ပြောကြားပြီး အမျိုးသားသွေးလှူဌာနမှ ဒေါက်တာသီတာအောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ သွေးလှူဒါန်းသူများအား လှည့်လည်အားပေးခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)


Leave a Reply