ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာချုပ်ချုပ်ဆို

Stat-752x440-1-

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ရုရှားနိုင်ငံက ဘောလုံးသုံးသပ်ချက် ဝက်ဘ်ဆိုက်တစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသင်းတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်နဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်တွေအတွက် ရုရှားအခြေစိုက် Football Analysis Software ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ InStat နဲ့ ၁၈ လ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ InStat ဟာ မြန်မာ့ လက်ရွေးစင်အသင်း၊ ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင် ယူ-၂၂ အသင်း၊ လက်ရွေးစင် ယူ-၁၉ အသင်းနဲ့ လက်ရွေးစင် အမျိုးသမီးအသင်းတွေအတွက် လေ့လာ သုံးသပ်ချက်တွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

သုံးသပ်ချက်တွေအဖြစ် ပြိုင်ပွဲတစ်ခုအတွင်း စွမ်းဆောင်ရည် သုံးသပ်ချက်၊ တစ်ပွဲချင်း သုံးသပ်ချက်၊ ကစားသမားတစ်ဦးချင်း ပွဲအပြီး သုံးသပ်ချက်၊ အသင်းလိုက် ပွဲပြီးသုံးသပ်ချက် စတဲ့ သုံးသပ်လေ့လာချက်အမျိုးမျိုး ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါဝက်ဘ်ဆိုက်နဲ့ ချုပ်ဆိုတဲ့ စာချုပ်တန်ဖိုးငွေပမာဏကိုတော့ ထုတ်ပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။

Photos & Source: 7Day Daily


Leave a Reply