Oktoberfest ကိုေပ်ာ္ရြင္စြာဆင္ႏြဲေနတဲ့ ဘိုင္ယန္ျမဴးနစ္ကစားသမားမ်ား

စက္တင္ဘာ ၂၇
ဘြန္ဒက္လီဂါထိပ္တန္းအသင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ႏွစ္စဥ္က်င္းပေနက် Oktoberfest ပြဲေတာ္မွာ ပါဝင္ဆင္ႏႊဲခဲ့ပါတယ္။ ကမၻာ့အႀကီးဆုံးဘီယာပြဲေတာ္ျဖစ္တဲ့ Oktoberfest ပြဲေတာ္ကို ျမဴးနစ္ၿမိဳ႕ မွာ စက္တင္ဘာလ ၂၄ ရက္ေန႔က စတင္က်င္းပေနခဲ့တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ တိုက္စစ္မႉးသစ္ ဟယ္ရီကိန္း အပါအဝင္ ဘိုင္ယန္အသင္းသားေတြဟာလည္း ဘာေဗးရီးယန္းစတိုင္ ဝတ္ဆင္ၿပီး ပြဲေတာ္ကို တက္ေရာက္ဆင္ႏႊဲခဲ့ၾကတာ ျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာမွ စပါးအသင္းကေန ယူရို သန္း ၁၀၀ ေက်ာ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ ဟယ္ရီကိန္းဟာ အသင္းသစ္ဘိုင္ယန္နဲ႔ အလ်င္အျမန္ အေျခက်ခဲ့ သလို စေနညက ဘိုခ်မ္အသင္းကို ၇ ဂိုး ျပတ္ အနိုင္ရတဲ့ပြဲမွာ လည္း ဘိုင္ယန္ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္သြင္းဂိုးကို ရရွိခဲ့သူျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ အသင္းအေနနဲ႔ လည္း ပြဲစဥ္ ၅ ပြဲ ကစားအၿပီး ရမွတ္ ၁၃ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္မွာ ရပ္တည္နိုင္ခဲ့တာေၾကာင့္ အခုလို Oktoberfest ပြဲေတာ္မွာ ေပ်ာ္ရႊင္စြာ ပါဝင္ဆင္ႏႊဲနိုင္ခဲ့တာျဖစ္ပါတယ္။

===========================

Oktoberfest ကိုပျော်ရွင်စွာဆင်နွဲနေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမားများ

စက်တင်ဘာ ၂၇
ဘွန်ဒက်လီဂါထိပ်တန်းအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ နှစ်စဉ်ကျင်းပနေကျ Oktoberfest ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်ဖြစ်တဲ့ Oktoberfest ပွဲတော်ကို မြူးနစ်မြို့ မှာ စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ကျင်းပနေခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့် တိုက်စစ်မှူးသစ် ဟယ်ရီကိန်း အပါအဝင် ဘိုင်ယန်အသင်းသားတွေဟာလည်း ဘာဗေးရီးယန်းစတိုင် ဝတ်ဆင်ပြီး ပွဲတော်ကို တက်ရောက်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့မှာမှ စပါးအသင်းကနေ ယူရို သန်း ၁၀၀ ကျော်နဲ့ ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ အသင်းသစ်ဘိုင်ယန်နဲ့ အလျင်အမြန် အခြေကျခဲ့ သလို စနေညက ဘိုချမ်အသင်းကို ၇ ဂိုး ပြတ် အနိုင်ရတဲ့ပွဲမှာ လည်း ဘိုင်ယန်ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်သွင်းဂိုးကို ရရှိခဲ့သူဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ လည်း ပွဲစဉ် ၅ ပွဲ ကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့တာကြောင့် အခုလို Oktoberfest ပွဲတော်မှာ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။