ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သောအဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ လေ့လာရေးထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဦးဆောင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီကော်မတီဝင်များ စုစုပေါင်း ၂၁ ဦးတို့သည် သြဂုတ်လ (၃၀) ရက် မွန်းလွဲ ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်လေဆိပ်မှ CHINA EASTERN B – 6143 လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

????????????????????????????????????

အဆိုပါ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းဦးဆောင်သော လေ့လာရေးအဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်လံပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၂ရက်ကြာ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

အေးကို


Leave a Reply