ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် မုံရွာခရိုင်အတွင်းမှ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ စက်တင်ဘာလ (၁၅) ရက် နံနက်(၁၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် တက်ရောက်၍ အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် သက်ဆိုင်ရာ မုံရွာခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply