မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို တိုရွန်တိုအသင်း စတင်ပွဲထုတ်

nintchdbpict000263007340

မန်စီးတီးအသင်း ဂိုးသမား ဂျိုးဟတ်ကို အီတလီကလပ် တိုရွန်တိုအသင်းက ပရိသတ်တွေနဲ့ မိတ်ဆက်လိုက်ပါတယ်။ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီးမှာ နေရာပျောက်ဆုံးခဲ့ရပြီးနောက် အသင်းပြောင်းလာခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ တိုရွန်တိုအသင်းတို့ ဆွေးနွေးခဲ့ပြီးနောက် ဂိုးသမား ဂျိုးဟတ်ကလည်း အသင်းပြောင်ရွှေ့ဖို့ ခေါင်းညိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျိုးဟတ်ဟာ တစ်ပတ်ကို ပေါင် တစ်သိန်းဝန်းကျင် လစာရရှိနေတာဖြစ်ပြီး အခု ဂျိုးဟတ်ရဲ့လစာ တစ်စိတ်တစ်ပိုင်းကို မန်စီးတီးအသင်းကလည်း ပေးချေပေးရမှာဖြစ်ပါတယ်။

လောလောဆယ်မှာ ဂျိုးဟတ်ကို တိုရွန်တိုအသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့် ပြုလိုက်တာလည်း ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ ရောက်လာခဲ့ပြီးတဲ့နောက် ဂျိုးဟတ်ဟာ ပွဲထွက်ခွင့် ရနေရာကနေ ဦးစားပေးအဆင့်-၃ ဂိုးသမား ဖြစ်သွားခဲ့ရတာပါ။

Source : The Sun


Leave a Reply