ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် Microsoft app များထည့်သွင်းရန် Lenovo စီစဉ်

Lenovo မှထုတ်လုပ်သည့် Android စမတ်ဖုန်းများတွင် Microsoft app များ ပါဝင်လာမည့် မူပိုင်ခွင့် သဘောတူညီချက်တစ်ခုကို ကုမ္ပဏီနှစ်ခုက ပူးပေါင်းထုတ်ပြန်သွားခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် ထွက်ရှိမည့် Lenovo စမတ်ဖုန်းများတွင် Microsoft Office, OneDrive နှင့် Skype app များကဲ့သို့ နာမည်ကျော် app များ ပါဝင်လာမည် ဖြစ်သည်။

New Picture

Samsung, Xiaomi နှင့် အခြားကုမ္ပဏီများကဲ့သို့သော OEM များသည်လည်း အလားတူ ပူးပေါင်းမှုများ ပြုလုပ် ထားခဲ့သည်။ Microsoft နှင့် Lenovo ၏ သဘောတူညီချက် အသေးစိတ်ကို မသိရသေးပေ။ ယခုကဲ့သို့ သဘော တူညီချက်တွင် Microsoft ကဲ့သို့ကုမ္ပဏီက ထုတ်ကုန်များထည့်သွင်းလိုသည့် အခြားကုမ္ပဏီ တစ်ခုအပေါ်တွင် မူပိုင်ခွင့်အသုံးပြုခ ရယူလေ့မရှိပေ။

“Microsoft နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုဟာ နာမည်ကျော် app အချို့အားသာချက်နဲ့ Lenovo သုံးစွဲသူအတွက် အခွင့်အရေးသစ်တွေ ဖန်တီးပေးနိုင်မှာပါ။ ကျွန်တော်တို့ ထုတ်ကုန်ပေါ်က Microsoft app နဲ့ ဝန်ဆောင်မှုဟာ ကမ္ဘာတစ်ဝန်းက ထုတ်ကုန်သုံးစွဲသူတွေအတွက် တန်ဖိုးသစ်တွေ ယူဆောင်လာမှာပါ” ဟု Lenovo Corporate Alliances ၏ခေါင်းဆောင် ခရစ်ရှန်အီဂျန်က ပြောကြားသွားခဲ့သည်။

အဆိုပါ app များသည် Lenovo ၏ တန်ဖိုးကြီး ထုတ်ကုန်များတွင် ပါဝင်လာမည်ဖြစ်ကြောင်း Microsoft က ထုတ်ဖော်ပြောကြားထားသည်။ ထို့အပြင် Lenovo ၏ Moto ထုတ်ကုန်များတွင် Microsoft app များပါဝင်လာ ဖွယ်ရှိသည်။ Moto စမတ်ဖုန်းများတွင် bloatware နည်းပါးခြင်းကြောင့် အမြဲတစေ ဝေဖန်ခံခဲ့ရသည်။

# Internet Journal


Leave a Reply