ရေယုံအတွက် ဆေးနည်းများ

ရေယုံပေါက်လို့ စိတ်ညစ်နေရင် အောက်ပါသဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်-

 

13043476_1009695455750191_3003673113536004300_n

(၁)    ကင်းပုံအရွက်ကို အရည်ညစ်ယူ၍ ၎င်းအရည်ဖြင့် မကြာခဏ တို့ပေးပါ။

(၂)    တမာရွက်ကို မီးရှို့ပြာချပြီး ၎င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။

(၃)    ရွှေဖရုံရွက်ကို မီးရှို့ပြာချပြီး ၎င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။

 

(၄)    အုန်းသီးအခွံကို မီးရှို့ပြီး ထွက်လာတဲ့အဆီနဲ့ တို့ပေးပါ။

(၅)    လေးညှင်းပွင့်ကို ကျောက်ပြင်နဲ့သွေး၊ ၎င်းအရည်ကို ကွမ်းစားထုံးနဲ့အတူ လိမ်းပေးပါ။

(၆)    ခွေးတောက်ရွက်ကို ကြိတ်ချေပြီး အနာပေါ် အုံပေးပါ။

၎င်းဆေးနည်းတွေထဲက ကိုယ်နဲ့အဆင်ပြေလွယ်ကူတဲ့ နည်းများနဲ့ ကုသနိုင်ကြပါတယ်။ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝဆေးနည်းများဖြစ်လို့ စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါတယ်။ ရေယုံကို ဆပ်ပြာ၊ နှုတ်ခမ်းနီအမျိုးမျိုးနဲ့ ရေ မထိအောင် ဂရုစိုက်ပေးပါ။

လူသားအားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – ဆရာကြီးကြည်လွင်မြင့်


Leave a Reply