ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်သည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ဒေါ်ဝါဝါထွေးရှမ်းပြည်နယ်(တောင်ပိုင်း)
ပြည်နယ်ပါတီကော်မတီဝင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဘယ်အချိန် ကတည်းကစတင်ပါဝင်ခဲ့ပါသလဲ။

ကျွန်မက ၁၉၉၉ ခုနှစ် အသင်းကတည်းက ဝင်ရောက်ခဲ့ ပြီး ၂ဝ၁ဝ ပြည့်နှစ်မှာ ပါတီအဖြစ် ဆက်သွားတော့လည်း ပါတီဝင် အဖြစ်နဲ့ လက်ရှိအချိန်ထိပါဝင် ဆောင်ရွက်နေပါတယ်။

• ညီလာခံတက်ရောက်ဖြစ်ပုံ လေးကို ပြောပြပေးပါ။
ညီလာခံဆိုတာ ကျွန်မတို့က ပါတီအနေနဲ့အဖွဲ့အစည်းထဲမှာဆို ရင် ပါတီညီလာခံကအမြင့်ဆုံးပဲ လေ။ ဒုတိယအကြိမ်ကျင်းပတဲ့ ပါတီညီလာခံကို တက်ရောက်ခွင့် ရတဲ့အတွက် တိုင်းရင်းသားတစ် ဦးအနေနဲ့ရော ပါတီကိုယ်စားပြု အနေနဲ့ရောဝမ်းလည်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

• ညီလာခံမှာဆရာမအနေနဲ့ ပါဝင်ဆောင်ရွက်မှုတွေကို သိလို ပါတယ်။
ကျွန်မက အကြိုညှိနှိုင်း အစည်းအဝေးမှာ အစုအဖွဲ့(၃) ကနေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံး ကို အစုအဖွဲ့ငါးဖွဲ့ခွဲလိုက်တဲ့အခါ မှာ ဒီမိုကရေစီရင့်ကျက်ခိုင်မာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးရပါတယ်။ ဒီကိုမလာခင် တိုင်းဒေသကြီးနဲ့ပြည်နယ်မှာရော ဒီစာတမ်းနဲ့ပတ်သက်ပြီးညီလာခံ အစုအဖွဲ့ ကိုယ်စားလှယ်တွေအား လုံးခွဲလိုက်ပါတယ်။စာတမ်းတွေ ပြုစုပြီး သူ့ဒေသ၊ ကိုယ့်ဒေသအမြင် တွေစုစည်းပြီးတော့မှ ပြည်သူတွေ အတွက်ကောင်းမွန်တဲ့စာတမ်းတစ် စောင်ဖြစ်လာဖို့၊ လက်ရှိကာလနဲ့ လည်းကိုက်ညီအောင် အနာဂတ် ကာလအတွက်ကိုပါ။ နောက် ပါတီတွင်းမှာရော ဒီမိုကရေစီရင့် ကျက်ခိုင်မာဖို့ ရှေ့ဆက်လုပ်ငန်း စဉ်တွေကို စည်းစနစ်တကျနဲ့ ဆောင်ရွက်နိုင်အောင် ပြည်နယ်မှာ ကတည်းက အကြိုညှိနှိုင်းအစည်း အဝေးမှာ စာတမ်းပြုစုဖို့အစုအဖွဲ့ တွေခွဲပါတယ်။ ဒီကိုရောက်တဲ့ အခါကျတော့လည်းပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေက အစုအဖွဲ့ လိုက်စာတမ်းတွေ ဆွေးနွေးရပါ တယ်။ ကျွန်မတို့အနေနဲ့ လေ့လာ မှတ်သားသိရှိတာကိုပြောရရင် မြန်မာနိုင်ငံကတိုင်းရင်းသားဦးရေ လည်းများပါတယ်။ဒေသတစ်ခုနဲ့ တစ်ခုဖွဲ့စည်းတည်ရှိတဲ့ ပထဝီ အနေအထားကလည်းမတူပါဘူး။ ဥပမာအနေနဲ့ပြောရရင် ကျွန်မ တို့ရှမ်းပြည်နယ်မှာ ခရိုင်သုံးခုရှိ တဲ့အနက် သူရဲ့နယ်မြေဒေသ အခြေအနေတွေက မတူပါဘူး။ ကျွန်မတို့ရဲ့ ဒီမိုကရေစီရင့်ကျက် ခိုင်မာရေးစာတမ်းကိုဗဟိုညီလာခံ ကိုတင်သွင်းတဲ့အခါမှာ ကိုယ့်ရဲ့ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ အချက်တွေပါအောင်ရေးသားပြင် ဆင်ပြီးမှ ကိုယ်စားလှယ်တစ်ဦး ကဖတ်ကြားဆွေးနွေးခဲ့ပါတယ်။
• ပါတီညီလာခံဦးတည်ချက် တွေနဲ့အညီ ဒီမိုကရစီဆန်ဆန် ရွေးချယ်တင်မြှောက်နေတဲ့ အနေ အထားကို သိလိုပါတယ်။
ပါတီညီလာခံကို ဦးတည် ချက်ခိုင်ခိုင်မာမာနဲ့ ကျွန်မတို့ ကျင်းပကြတယ်။ ညီလာခံကြီး ကျင်းပတဲ့အခါ အထက်ကနေ အောက်မဟုတ်ဘဲနဲ့ အောက်ခြေ ကနေ အထက်အထိ အဆင့်ဆင့် ဖွဲ့စည်းတဲ့အခါမှာ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာဆို တိုင်းရင်းသား အလွှာပေါင်းစုံပါပဲ။ ရပ်/ကျေး ကနေပြည်နယ်အဆင့်ထိ ရွေးချယ် တဲ့နေရာမှာ တိုင်းရင်းသားအလွှာ ပေါင်းစုံပါအောင် တောင်သူလယ် သမားအလွှာ၊အလုပ်သမားအလွှာ၊ လုပ်ငန်းရှင်အလွှာ၊အမျိုးသမီးရေး ရာအလွှာ၊ လူငယ်အလွှာအလွှာစုံ ပါအောင် ကိုယ်နယ်မြေဒေသ အခြေအနေပေါ်မူတည်ပြီးစုစုစည်း စည်းလေးဖြစ်အောင် ကျွန်မတို့ ပါတီအနေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
• ပြည်သူ့ပါတီအဖြစ် ဆောင် ရွက်နေတာဖြစ်လို့ ပြည်သူနဲ့ တစ် သားတည်းဖြစ်ဖို့ ဘယ်လိုလုပ် ဆောင်မလဲ။
ပါတီဦးတည်ချက်တွေနဲ့ပတ် သက်ပြီး ကျွန်မတို့ပါတီကြီး ရေ ရှည်တည်တံ့ဖို့ဆိုရင် ပါတီဝင် တစ်ဦးချင်းစီကနေ ဒီပါတီရဲ့ယုံ ကြည်ချက်၊ ခံယူချက်ထိထိမိမိနဲ့ ပြည်သူတွေနဲ့တစ်သားတည်းဖြစ် အောင်စဉ်ဆက်မပြတ် ထဲထဲဝင် ဝင်ဖြစ်အောင် ဆောင်ရွက်ရမယ်။ ပြည်သူတွေရဲ့အသံကို အမြဲနား ထောင်ပြီးတော့မှ အရင်ကထက် ကြိုးစားဆောင်ရွက်ရမယ်လို့ ထင် မိပါတယ်။
• ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့နေရာတော်တော် များ များရှုံးနိမ့်တယ်လို့ဆိုကြပါတယ်။ ဆရာမတို့ဒေသမှာ ဘယ်လိုအခြေ အနေရှိခဲ့ပါသလဲ။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ကျွန်မတို့ပါတီအနေနဲ့ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့နှိုင်းယှဉ်မယ် ဆိုရင် ဒုတိယနေရာမှာ လိုက်ပါ တယ်။ လုံးဝရှုံးနိမ့်တယ်လို့ မဆို နိုင်ပါဘူး။ပါတီစုံဒီမိုကရေစီခေတ် မှာ ရွေးကောက်ပွဲရလဒ်ကိုကြည့် ရင် ကျွန်မတို့က ဒုတိယအင်အား အကြီးဆုံးပါ။ ကျွန်မတို့ပါတီအနေ နဲ့က ဒီထက်ပိုအားစိုက်ပြီးတော့ ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့ ပါတီကြီးက ဦးပြန်မော့ လာမယ်လို့ထင်ပါတယ်။ ကျွန်မ တို့ ရှမ်းပြည်နယ်မှာ မရှုံးပါဘူး။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာဆိုရင်၊ လွှတ်တော် နေရာတော်တော်များ များမှာဆိုရင်၊ ပြည်နယ်အဆင့်မှာ ဆိုရင် လွှတ်တော်နေရာကိုးနေရာ ၁ဝ နေရာ၊ ပြည်သူ့လွှတ်တော် အဆင့်မှာဆိုရင်ငါးနေရာ၊ တိုင်း ရင်းသားရေးရာတစ်နေရာဆိုရင် ကျွန်မတို့က ၁၄နေရာအနိုင်ရပါ တယ်။ ရှိတဲ့ မြို့နယ် ၂၁ မြို့နယ် မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ မြို့နယ်သုံးမြို့နယ် မပြိုင်ပါ ဘူး။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမပြိုင်ပါဘူး။ မိုင်းရှူးက လည်း နယ်မြေဒေသအခြေအနေ အရမပြိုင်ပါဘူး။ ၁၆ မြို့နယ် ဝင် ရောက်ယှဉ်ပြိုင်တဲ့အခါ ၁၄ နေရာ အနိုင်ရပါတယ်။

• ပြည်သူကို ဘာများစကား လက်ဆောင်ပါးလိုပါသလဲ။
ပြည်သူကိုစကားလက်ဆောင် ပေးချင်တာက ကျွန်မတို့ မြန်မာ နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ ပြည်သူတွေ အားလုံးကအမျိုးဘာသာ၊သာသနာ မကွယ်ပျောက်ဖို့ရယ်၊ ကိုယ့်ရဲ့ယဉ် ကျေးမှုထုံးတမ်းအစဉ်အလာတွေ ရေရှည်တည်တံ့ခိုင်မြဲမယ့်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲဖို့၊ အမျိုးသားအကျိုးစီးပွားကိုထိပါး မဲ့ကိစ္စတွေကိုနိုင်ငံရေးအသိ၊ နိုင်ငံ ရေးသတိနဲ့ပြည်ထောင်စုမျိုးချစ် စိတ်ဓာတ်နဲ့ အမြဲသတိနဲ့ကြိုးစား ပြီး ဒီမိုကရေစီရင့်ကျက်ခိုင်မာရေး အတွက်ဆောင်ရွက်ကြပါ။ ဒါဆို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ကြီးဖြစ်မယ်လို့ ပြောချင်ပါတယ်။

နေထက်ဝေ


Leave a Reply