ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ်ခန်းမ၌ ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအကြံပေးများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ထူးချွန်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

22B

ရှေးဦးစွာ ပါတီဝင်လူငယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဂုဏ်ပြုတေးသီချင်း သီဆိုကာ အခမ်းအနား ကိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မှ အဖွင့် မိန့်ခွန်း ပြောကြား၍ ထူးချွန်ကျောင်းသားများအား ဆုများ ချီးမြှင့်ပေးခဲ့ပြီး အစည်းအဝေးခေတ္တရပ်နားခဲ့သည်။

22C

14034761_540690792786744_707368040349696082_n 14063814_540690696120087_3939285822124063980_n

အခမ်းအနားဆက်လက်ကျင်းပချိန်တွင် ဘာပတိအဖွဲ့နေရာယူခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာ တင်သွင်းခြင်း၊ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင် ဖြည့်စွက်ချက်များ၊ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများအား ညီလာခံသို့ တင်သွင်းအတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်း အဝေး နံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားခဲ့သည်။

မွန်းလွဲ (၁) နာရီခွဲအချိန်တွင် နေ့လည်ပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်ထောင်စု နယ်မြေပါတီကော်မတီဝင်များက မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း၊ လက်ရှိဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ ပထမအကြိမ် ပါတီညီလာခံ သက်တမ်းကုန်ဆုံးသည့်အတွက် တာဝန်များ ပြန်လည်အပ်နှင်းကြောင်း ညီလာခံသို့ တင်သွင်းခြင်း၊ ညီလာခံသဘာပတိက ညီလာခံ၏ သဘောထားရယူ၍ အတည်ပြုကြောင်း ကြေညာခြင်းများ ဆောင်ရွက်ပြီး ညီလာခံပထမနေ့ အစီအစဉ်ပြီးမြောက်ကြောင်း သိရှိရသည်။


Leave a Reply