နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်

 

(၂၇-၂-၂၀၁၈) ရက်နေ့ ညနေ(၃) နာရီအချိန် ကျောက်မဲမြို့ မိုးလုံလေလုံ အားကစားရုံ၌ နွေရာသီအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော ၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ခြင်းလုံး၊ လက်ဝှေ့၊ အားကစားသင်တန်းများဖွင့်ပွဲ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ဇာမောင်သည် မြို့နယ်အား/ကာ၏ တာဝန်ပေးချက်အရ ဘောလုံးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ သင်တန်းတွင် သင်တန်းသား (၁၉၅) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

credit >>> ko zaw