ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများအား အမှတ် (၁၄)နယ်မြေ ပန်းဆက် ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သြဂုတ် (၁၅) ရက်က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယင်းရေဘေးကယ်ဆယ်ရေးပစ္စည်းပေးအပ်မှုအား ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တိုင်းအတွင်းရေးမှူး ဦးအောင်တင်မြင့်မှ ဦးဆောင်၍ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်ကျော်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များမှ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

USDP Ayeyarwady Region News


Leave a Reply