ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီး လက်ရွေးစင် ကစားသမားဘ၀မှ အနားယူ

Podolski-Reuters

ဂျာမနီလက်ရွေးစင် ဘောလုံးအသင်း တိုက်စစ်မှူး လူးကပ်စ် ပိုဒေါစကီးဟာ လက်ရွေးစင်အသင်း ကစားသမား ဘ၀ကနေ အနားယူသွားပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။

သူဟာ ဂျာမန်လက်ရွေးစင်အသင်းအတွက် ၁၂၉ ပွဲမှာ ၄၈ ဂိုး သွင်းပေးထားပါတယ်။

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆလိုဗက်ကီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာ ပိုဒေါစကီးက သူ့ရဲ့ ဂျာမန်အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပိုဒေါစကီးဟာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်တို့မှာ ကစားခဲ့ဖူးပြီး လောလောဆယ် တူရကီကလပ် ဂါလာတာ စာရေးမှာ ကစားနေပါတယ်။

(ရိုက်တာ)


Leave a Reply