အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် နောက်ကွယ်က ကူညီခဲ့သည်ဟုဆိုကာ ဘာသာရေးခေါင်းဆောင် ဂူလင် အား တူရကီ ဖမ်းဝရမ်းထုတ်

Turkey

သြဂုတ် ၅

တူရကီတွင် သမ္မတ ရီဆက်ပ် တေယစ်ပ် အာဒိုဂန် အားဖြုတ်ချရန် ရည်ရွယ်သည့် အာဏာသိမ်း ကြိုးပမ်းမှုဖြစ်စဉ် ဇူလိုင်လ ၁၅ ရက်က ပေါ်ပေါက်ခဲ့ပြီးနောက် ယခုအခါ ယင်းဖြစ်စဉ်နှင့်စပ်လျင်း၍ အမေရိကန်တွင် အခြေချ နေထိုင်သော ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလင်အား ဖမ်းဆီးရန် တရားရုံးက အမိန့်ထုတ်ပြန်လိုက်သည်။

အမေရိကန် နိုင်ငံ Pennsylvania ပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိသူ ဘာသာရေးခေါင်းဆောင်ကို ဖမ်းဆီးရန် အစ္စတန်လ်ဘူ တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၀ရမ်းထဲတွင် ဂူလင်မှာ ဇူလိုင်လ ၁၅ ရက်က မအောင်မြင်ခဲ့သည့် အာဏာသိမ်းမှုကို နောက်ကွယ်မှနေ၍ ညွှန်ကြားခဲ့သူဖြစ်သည်ဟု ရေးသားထားကြောင်း သိရသည်။

တူရကီအစိုးရ၏ အဆိုပါ စွဲချက်အပေါ် ဂူလင်က အခိုင်အမာ ငြင်းဆန်ထားခဲ့ပြီး အာဏာသိမ်းဖြစ်စဉ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိခဲ့ကြောင်း ပြောကြား ထားခဲ့သည်။

တူရကီအစိုးရသည် ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာလကလည်း ဘာသာရေးခေါင်းဆောင် ဂူလင်အား ဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ထားခဲ့ဖူးပြီး ယင်းအချိန်က ဂူလင်မှာ လက်နက်ကိုင် အကြမ်းဖက်ဂိုဏ်းတစ်ခုကို ထူထောင်ညွှန်ကြား နေလျက် ရှိသည်ဟု အစိုးရဘက်မှ စွပ်စွဲပြောကြားခဲ့သည်။

အန်ကာရာအစိုးရသည် ယခင်နှစ်များကတည်းက ဂူလင်အား မိမိတို့ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အမေရိကန်အစိုးရ ထံသို့ ကြိမ်ဖန်များစွာ တိုက်တွန်းပြောကြား ထားခဲ့ဖူးသည်။

_Ref; CNA


Leave a Reply