ထိုင်းအသင်း နှစ်ကြိမ်ဆက်ဗိုလ်စွဲပြီး အိမ်ရှင်မြန်မာ တတိယနေရာရရှိ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်း နှစ်နှစ်ဆက်ဗိုလ်စွဲ

13925515_1068475679911985_3926842246586577000_o

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေ(၆) နာရီက မန္တလာသီရိအားကစား ကွင်းတွင် ကျင်းပခဲ့ရာ ထိုင်းအသင်းနှင့်ဗီယက်နမ် အသင်းတို့ မိနစ်(၁၂၀)အတွင်း(၁-၁)ဂိုးစီသရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာထိုင်းအသင်းက (၆-၅)ဂိုး၊ စုစုပေါင်းဂိုးရလဒ်(၇-၆)ဂိုးဖြင့် အနိုင်ရရှိကာ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ထိုင်းအသင်းအတွက်အဖွင့်ဂိုးကို အသင်းခေါင်းဆောင်ဆရီတာလာက ပွဲချိန်(၆)မိနစ်တွင် ဦးစွာသွင်းယူခဲ့ပြီး ဗီယက်နမ်အသင်းအတွက် ချေပဂိုးကို ပွဲချိန်(၈၆)မိနစ်တွင် လူစားဝင်ကစားသမားငုယင်သီမင်က သွင်းယူပေးခဲ့သည်။

ပွဲချိန်မိနစ်(၉၀)အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့သောကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ပြီး အရှုံးအနိုင်အဖြေ မပေါ်သောကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ဗီယက်နမ်အသင်း၏(၉)လုံးမြောက် ပယ်နယ်တီကို ထိုင်း ဂိုးသမားကာကွယ်နိုင်ခဲ့သောကြောင့် ထိုင်းအသင်း ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ခြောက်လုံးမြောက်ကန်သွင်းသည့် ပယ်နယ်တီတွင် ဗီယက်နမ်အသင်းမှ ကန်သွင်းရာ ဂိုးဝင်ခဲ့သော်လည်း ဂိုးဝင်၊ မ၀င်ကြည့်ရသည့် စည်းကြပ်ဒိုင်က ဂိုးမ၀င်ဟု ဆုံးဖြတ်ခဲ့သောကြောင့် ဗီယက်နမ်အသင်း နစ်နာခဲ့ရပြီး ကိုးလုံးအထိ ကန်ခဲ့ရခြင်းဖြစ်သည်။ ထိုင်းအသင်း သည် ယခုနှစ်ပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲခဲ့သောကြောင့် အာဆီယံအမျိုးသမီးပြိုင်ပွဲ တစ်လျှောက်သုံးကြိမ်မြောက်ဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည် နေကြောင်းသိရသည်။


Leave a Reply