ပြင်သစ်ဘုန်းတော်ကြီးအား သတ်ဖြတ်သွားသူက ခြေချုပ်တရားခံတစ်ဦးဖြစ်

French-church

ပါရီ၊ ဇူလိုင် ၂၇

ပြင်သစ်နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးအား သတ်ဖြတ်သွားသည့် သံသယရှိသူများ တွင် တစ်ဦးက စောင့်ကြည့်တရားခံဖြစ်ပြီး တိုက်ခိုက်ချိန်ကလည်း ခြေချုပ်ထိန်းချုပ်ထောက်လှမ်းရေးကိရိယာကို ဝတ်ဆင်ထားခံရသူတစ်ဦးလည်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အသက် ၁၉ နှစ်ရှိ အက်ဒယ်ကာမီချီသည် ပြီးခဲ့သည့်နှစ်အတွင်းက ဆီးရီးယားနိုင်ငံသို့ သွားရန် ကြိုးစားခြင်းကြောင့် နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း တရားရေးရှေ့နေ ဖရန့်စစ်မိုလင်းက   ပြောသည်။

စိန့်အိုင်နီတူရိုဗီရေးရှိ ဘုရားရှိခိုးကျောင်းတွင် နံနက်ခင်း ဝတ်ပြုချိန် ကာမီချီနှင့် အဖော်တစ်ဦးက ဝင်စီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး ထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါးအား လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရဲက ၎င်းတို့ကို ပစ်သတ်လိုက်ရသည်။

ဖမ်းဆီးထားသည့် ဓားစာခံလေးဦးတွင် တစ်ဦးဖြစ်သော သက်ကြီးပိုင်း ဘုရားကျောင်းအသင်းတော်ဝင်တစ်ဦး ဓားဒဏ်ရာများ ရရှိကြောင်း မိုလင်းက ပြောသည်။

ထိုတိုက်ခိုက်မှုကို ၎င်းတို့၏ စစ်သားများက ကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အစောပိုင်းက ကြေညာသည်။

(BBC)


Leave a Reply