ရော်ဂျာဖက်ဒရာ ဒဏ်ရာကြောင့် အိုလံပစ်နဲ့ လက်ကျန် ပြိုင်ပွဲများကို လွဲချော်

90524244-roger-federer-pa

နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာဟာ ဒဏ်ရာကြောင့် ရီယိုအိုလံပစ်ပြိုင်ပွဲ အပါအဝင် ယခုနှစ် လက်ကျန် တင်းနစ်ပြိုင်ပွဲ အားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ ဂရင်းဆလင်း ဆုဖလား ၁၇ ကြိမ် ရရှိထားတဲ့ ဖက်ဒရာဟာ ဒူးဒဏ်ရာကြောင့် တင်းနစ်ကစားနိုင်မှာ မဟုတ်ဘဲ အနားယူရမယ်လို့ ဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် ဖက်ဒရာက ၎င်းရဲ့ ဒူးဒဏ်ရာကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ယခုနှစ် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကိုလည်း ဖက်ဒရာ လွဲချော်ခဲ့ပါတယ်။ ဒဏ်ရာကြောင့် အိုလံပစ်ပွဲ အပါအဝင် လက်ကျန် တင်းနစ်ပြိုင်ပွဲတွေ လွဲချော်ရမှာကို အလွန်စိတ်ပျက်မိကြောင်း ဖက်ဒရာက ဖေ့စ်ဘွတ်မှာ ဖွင့်ဟထားပါတယ်။

ဖက်ဒရာရဲ့ ဒူးဒဏ်ရာခွဲစိတ်ထားမှု အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေရန်နဲ့ တင်းနစ်ပြိုင်ပွဲများမှာ အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်နိုင်ရန်အတွက် အချိန်ပိုမို ကြာမြင့်စွာ အနားယူရန် လိုအပ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

Source & Photo: BBC


Leave a Reply