တူရကီအာဏာသိမ်းမှုနောက်ပိုင်း သမ္မတအထူးကိုယ်ရံတော်အဖွဲ့အား ဖျက်သိမ်း

Presidential-guard

အန်ကာရာ၊ ဇူလိုင် ၂၄

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က အရေးနိမ့်ခဲ့သည့် အာဏာသိမ်းမှုတွင် အဖွဲ့ဝင် ၃၀၀ နီးပါး ဖမ်းဆီးခံရ ပြီးနောက် သမ္မတအထူးကိုယ်ရံတော်အဖွဲ့အား ဖျက်သိမ်းပစ်လိုက်သည်။

ယင်းအဖွဲ့အား မလိုအပ်တော့ကြောင်း ရုပ်မြင်သံကြားတွင် ဝန်ကြီးချုပ် ဘီနာလီက ပြောသည်။

အဆိုပါ အာဏာသိမ်းမှုနောက်ကွယ်တွင် ပါဝင်ကြိုးကိုင်သည်ဟု စွပ်စွဲထားသော အမေရိကန်အခြေစိုက် ဘာသာရေး ခေါင်းဆောင် ဂူလန်၏ တူဖြစ်သူကို ဖမ်းဆီးထား သည်။ ဘာသာရေးခေါင်းဆောင် ဂူလန်က ယင်းစွပ်စွဲထားချက်ကို အခိုင်အမာငြင်းဆန်သည်။

ဂူလန်၏ အဓိကလက်ထောက်ဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။

အာဏာသိမ်းကြံစည်မှုနောက်ပိုင်း သမ္မတအာဒိုဂန်က ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွင်းမှုများ လုပ်ဆောင်နေကာ အမှုထမ်းထောင်ပေါင်းများစွာကို ဖမ်းဆီးခြင်း၊ အစိုးရ အရာရှိများနှင့် ဆရာဆရာမများ၊ တက္ကသိုလ်အကြီးအကဲများ အား တာဝန်ဆိုင်းငံ့ခြင်း ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေကိုလည်း ကြေညာထားခဲ့သည်။

-Ref; BBC


Leave a Reply