မီလ်ဝေါ်ကီ ပဋိပက္ခအတွင်း သေနတ်ပစ်ခတ်မှုများဖြစ်ပွား

13938286_1742404726000028_1183580044393757797_o

မီလ်ဝေါ်ကီ သြဂုတ် ၁၅

အမေရိကန်ရှိ မြို့ကြီးတစ်ခုဖြစ်သည့် မီလ်ဝေါ်ကီတွင် ဆန္ဒပြဆန့်ကျင်မှုဒုတိယနေ့ အဖြစ် ဆန္ဒထုတ်ဖော်သူများသည် မြို့တွင်းလမ်းများပေါ်သို့ ရောက်ရှိလာခဲ့ကြပြီး သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆန္ဒပြစုဝေးမှုသည် စနေနေ့က အသက် ၂၃ နှစ်အရွယ် အမျိုးသားဆီဗီလီစမစ် အား ရဲအရာရှိတစ်ဦးက လိုက်လံ ဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စတင်ဖြစ်ပွားခဲ့သည်။ စမစ်သည် အာဖရိကဖွား အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ထိုနေ့က လိုက်လံဖမ်းဆီးရာတွင် လက်နက်ချအဖမ်းခံခြင်းမရှိသည့်အတွက် ထိုသို့ ပစ်ခတ်လိုက်ရခြင်း ဖြစ်ကြောင်း မြို့တော်ဝန် တွမ်ဘားရတ်က ပြောကြားခဲ့သည်။

ဘာလိဂ်ဧရိယာတစ်ဝိုက်၌ လူအုပ်ပြိုကွဲအောင် ကြိုးပမ်းသည့်ရဲများကို ဆန္ဒပြ လူအုပ်က ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ”ရှာမန်နဲ့ဘာလိဂ်ဒေသတွေ မှာ ရဲအရာရှိတွေဟာ ကြိမ်ဖန်များစွာ ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ကြပါ တယ် ”ဟု ရဲဌာနက ပြောကြားခဲ့သည်။

ဒေသခံတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိသွားသည့်အတွက် ဆေးရုံသို့စောစီးစွာ ပို့ဆောင်ခဲ့ရသည်။ စနေနေ့ညပိုင်းက ကားများ၊ လူနေအဆောက်အအုံများနှင့် ဓာတ်ဆီိဆိုင်များ မီးတောက်လောင်ခဲ့သည်။

(ဘီဘီစီ)


Leave a Reply