ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေး

ကျောင်းနေအရွယ်ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နို့ဆန်ပြုတ်အာဟာရ တိုက်ကျွေးပွဲကို ဇူလိုင်လ (၂၁) ရက် နံနက် ၁၁ နာရီက ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု ပဲကြီး ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၃၄၈ ဦးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်ပါတီ အရန်ကော်မတီဝင်များ၊ ပဲကြီး ကျွန်းကျေးရွာအုပ်စု စည်းရုံးရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ သွားရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် သမ္ဘရာတိုင်းကျေးရွာ အုပ်စု ဝဲကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်း သားကျောင်းသူ ၂၁၅ဦး တို့အား နို့ဆန်ပြုတ်များဖြင့် အာဟာရ တိုက်ကျွေးလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

ကျော်ဝင်း
Photo – Myint Naing Oo fb


Leave a Reply