တာမွေမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ရွေးချယ်ရေးတာဝန်ခံများနှင့်မိတ်ဆက်ပေးပြီး ရွေးချယ်ရေးတာဝန်ခံ ရန်ကုန်တိုင်းဒေသကြီး       ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသာဝင်းက ရွေးချယ်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးလစ်လပ်နေသော မြို့နယ်ပါတီဝင်လေးဦးကို အဆိုပြုရွေးချယ်ပြောကြား ပြီး ရွေးချယ်ခံ ကိုယ်စားလှယ်လေးဦးကို ရွေးချယ်ရေးအဖွဲ့မှ စိစစ်မေးမြန်းပြီး ကိုယ်စားလှယ် များကို ရွေးချယ်ရေးအဖွဲ့မှ အတည်ပြုပေးခဲ့ကြောင်းသိရသည်။

ရွေးချယ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့်တိုင်းကော်မတီဝင်များ၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ဥက္ကဋ္ဌaဒ်ါလဲ့လဲ့ဝင်းဆွေ နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်များမှစည်းရုံးရေးမှူးနှင့် အမှုဆောင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)