ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်

ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ယနေ့ (ဇူလိုင်လ ၁၅ရက်) နံနက် (၁၀) နာရီ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုတို့မှ တတိယ အကြိမ် မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

၎င်းအခမ်းအနားတွင် ရွှေကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး လှူဘွယ်ဝတ္ထုအစုစုနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ တရားနာကြပါသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမိသားစုများ၊ မြို့မိမြို့ဖများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ NGO အဖွဲ့များ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ စုစုပေါင်း အင်အား ( ၁၂၀) ဦး တက်ရောက်ကြသည်။

Credit – Sususandi Sandi


Leave a Reply