ဟောလိဝုဒ်လောကတွင်လည်းအောင်မြင်ကျော်ကြားနေသည့်…မင်းသားရိန်း

Full House ကိုရီးယားအချစ် ဟာသဇာတ်လမ်းတွဲဖြင့် မြန်မာ ပရိသတ်များနှင့် စတင်ရင်းနှီးခဲ့ သည့် တောင်ကိုရီးယားထိပ်တန်း ငွေကြယ်ပွင့် အဆိုတော်မင်းသား လေးရိန်းသည် အာရှတွင်သာမက ကမ္ဘာကျော်ဟောလိဝုဒ်လောကသို့ ပါခြေဆန့်ပြီးအောင်မြင်ကျော်ကြား နေသူဖြစ်သည်။ ရိန်း၏နာမည် အရင်းကမူ ဂျန်ဂျီဟွန်းဖြစ်ပြီး ပရိ သတ်များကမူ ၄င်းကိုအဆိုတော် ရိန်းအဖြစ်ပိုမိုသိခဲ့ကြသည်။ ရိန်း သည် ဟောလိဝုဒ်လောကသို့ ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက် အင်္ဂလိပ်ဘာသာစကားကို သေချာ လေ့လာလိုက်စားခဲ့သူဖြစ်သည်။
ရိန်းသည် အသက် ၁၆ နှစ် အရွယ် ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ ပြီး Fanclub ဟူသည့်အဆိုတော် အဖွဲ့တွင်စတင်ပါဝင်ခဲ့ပြီး တေး အယ်လ်ဘမ်နှစ်ခုထုတ်ဝေခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစတင်ကာ ရိန်း အမည်ဖြင့် တစ်ကိုယ်တော်တေး သီချင်းများ စတင်သီဆိုဖျော်ဖြေ ခဲ့သည်။
သရုပ်ဆောင်လောကထဲသို့ ၂ဝဝ၃ ခုနှစ်မှာစတင်ဝင်ရောက် ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၄င်း သည် တေးအယ်လ်ဘမ်ခြောက်ခု ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့်ဂီတဖျော် ဖြေပွဲပေါင်းများစွာကိုလည်း သီဆို ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ရိန်းသည် နိုင်ငံတကာနာမည် ကြီးကုမ္ပဏီကြီးများ၏ ရုပ်ရှင် ဇာတ်ကားများစွာတွင်ပါဝင်သရုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး Racer နှင့် Ninja Assassin ဇာတ် ကားများကမူ ၄င်း၏ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား ဒရာမာ မင်းသမီးချောလေး ကင်မ် တေးဟီးနှင့်ချစ်ကြိုက်နေလျက်ရှိပြီး လူငယ်ပရိသတ်နှင့် လူလတ်ပိုင်း ပရိသတ်များ၏အားပေးမှုကို အခိုင် အမာရရှိနေဆဲဖြစ်သည်။အောင်မြင် ကျော်ကြားမှုများ၏သရဖူရှင် ရိန်း ကို ၁၉၈၂ ခုနှစ် ဇွန် ၂၅ ရက် တွင်မွေးဖွားခဲ့သည်။


Leave a Reply