ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီစည်းဝေးအကြို လုပ်ငန်းညှိနှိုင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးအကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည် (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးသန်းထိုက်၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အခမ်းအနားကျင်းပရေးကော်မတီများ စုစုပေါင်း (၁၅) ဦး တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်းမှ အမှာစကားပြောကြားပြီး မြို့နယ် ပါတီအတွင်းရေးမှူး ဦးဇော်မင်း မှ အခမ်းအနားအနားအတွက် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြပြီး ကော်မတီအသီးသီးမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply