ဝိုင်းမော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇူလိုင် (၁၁) နာရီအချိန်မှ (၁၂) နာရီအချိန်အထိ မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ၀ိုင်းမော်မြို့နယ် ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီကော်မတီဝင်များ၏ သားသမီးများ တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်မှုအခြေအနေ၊ ပါတီ အပေါ် အထင်အမြင်လွဲမှားစေမည့် အပြော၊ အဆို၊ အရေး၊ အသား၊ လှုံ့ဆော်မှု များ ရှိလာပါက သတင်းပေးပို့တင်ပြရန်နှင့် ပါတီဝင်များမှ အဖြစ်မှန်အား ချပြရှင်းလင်းရန် ကိစ္စများ ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ပါတီကော်မတီဝင်များက လိုအပ် သည်များ တင်ပြဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။


Leave a Reply