အငြင်းပွား တောင်တရုတ်ပင်လယ်သို့ ထိုင်ဝမ်စစ်သင်္ဘော စေလွှတ်

တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံ ရှေးဟောင်းရေကြောင်း မြေပုံအရ ပိုင်ဆိုင်သည်မှာ ဥပဒေကြောင်းအရ တရားမဝင်ကြောင်း ဇူလိုင် (၁၂) ရက်တွင် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ချက်ခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံက ရေကြောင်း နယ်မြေ ကာကွယ်ရန် ဇူလိုင် (၁၃) ရက်တွင် ရေတပ်စစ်သင်္ဘော စေလွှတ်ခဲ့သည်။

T-N

ထိုင်ဝမ် Kaohsiung မြို့တောင်ပိုင်းရှိ Spratly ကျွန်းကို နိုင်ငံတကာရေကြောင်း စီးပွားရေးဇုန်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းတွင် ထိုင်ဝမ်ကို ချန်လှပ်ထား၍ မရကြောင်း၊ တောင်တရုတ်ပင်လယ်အရေးတွင် ခုံသမာဓိအဖွဲ့က ထိုင်ဝမ်ကို တရားဝင်ဖိတ်ကြားခြင်း မရှိခြင်းကြောင့် ထိုင်ဝမ်ပိုင်နက်နှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် သံန္နိဋ္ဌာန်ချထားကြောင်း ထိုင်ဝမ်သမ္မတ Tsai Ingwen က ထိုင်ဝမ် ရေတပ်သင်္ဘောပေါ်တွင် ပြောကြားခဲ့သည်။

ရေကြောင်းကာကွယ်ရေး ကင်းလှည့်စစ်ဆင်ရေးသည် ထိုင်ဝမ်နိုင်ငံ၏အခွင့်အရေးကို ကာကွယ်ရန် ထိုင်ဝမ် ပြည်သူများ ဆုံးဖြတ်ထားသည်ကို ပြသခြင်းဖြစ်ကြောင်း ရေတပ်စစ်သင်္ဘောမထွက်ခွာခင် Tsai Ingwen ကပြောသည်။

ထိုင်ဝမ်အမျိုးသားလုံခြုံရေးအတွက် ကင်းလှည့်စစ်သင်္ဘောများ၊ လေတပ်လေယာဉ်များ ထပ်မံစေလွှတ်မည်ဟု သူမက ဆိုသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော Taiping ကွင်းသည် ကျောက်ဆောင်တစ်ခုမဟုတ်ကြောင်း Spratlys သန္တာကျောက်တန်းကျွန်းစုကို တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့က ပိုင်ဆိုင်မှု အငြင်းပွားနေသော်လည်း ထိုင်ဝမ်ရေပိုင်နက်အတွင်းတွင်ရှိသဖြင့် ထိုင်ဝမ် နိုင်ငံ၏အမြင်ကို အလေးထားရန်လိုအပ်ကြောင်း၊ အဆိုပါကျွန်းကို စီးပွားရေးဇုန်အတွင်းသို့ ထည့်သွင်းခြင်းကို ထိုင်ဝမ်က လုံးဝလက်မခံကြောင်း ထိုင်ဝမ်သမ္မတကပြောသည်။

‪‎Democracytoday

 


Leave a Reply