ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်ဆန္ဒပြ

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်တဲ့ အနေနဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ဆိုးလ်မြို့မှာ တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ထိပ်သီးဆွေးနွေးပွဲ သတင်းစင်တာရှိရာ ဒေါင်ဒယ်မွန်း ဒီဇိုင်းပလာဇာရှေ့မှာ စုဝေးပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။ အသက် ၅၂ နှစ်အရွယ် ဆန္ဒပြအမျိုးသမီးက မြောက်ကိုရီးယားအနေနဲ့ အခုချိန်မှာ နျူကလီးယားကင်းစင်ရေး လုပ်ဖို့ လိုအပ်နေပြီး တောင်ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေဆီက ငွေညှစ်ဖို့ မလှည့်စားသင့်ဘူးလို့ ပြောသွားပါတယ်။

တောင်နဲ့ မြောက် ခေါင်းဆောင်နှစ်ဦးတို့ဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဒုတိယအကျော့ ဆွေးနွေးဖို့ စီစဉ်ထားပြီး အဲဒီနောက်မှာတော့ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ မျှော်လင့်ရပါတယ်။  

DVB