ဝိုင်းမော်မြို့နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၇) ရက်ရက်နေ့ နံနက် (၈)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပါတီကော်မတီဝင် ဦးချစ်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

13612219_268463643529365_1054883127543445304_n

အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးချစ်ဦး၊ ဦးညွန့်ဝင်း၊ ဦးဘရန်ရှောင်၊ ဒေါ်ရှီဇော်လွမ်းလန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇုန်းတိန့်၊ ခရိုင်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးလူးကပ်၊ ဦးထွန်းဖေ၊ ဦးဟောင်းဂျုံး၊ ဦးဒီဂျီဘို၊ ဒေါ်ခင်ခင်ယု၊ ကြီးကြပ်ရေးကော်မတီဝင်များ၊ ရွေးချယ်ခံ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ပ၊ ဒုခေါင်းဆောင်များ စုစုပေါင်း အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီအား ပြန်လည်ရွေးချယ်ဖွဲ့စည်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ အဖြစ် ဦးကျော်ကျော်အောင်၊ အတွင်းရေးမှူးအဖြစ် ဦးဒိန့်ဘောမ်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဖေါင်ဂေါ်ခေါင်လွမ်း တို့အား ရွေးချယ်ခဲ့ကြပြီး အစည်းအဝေးအစီအစဉ် ပထမပိုင်းအား ခေတ္တရပ်နားသည်။

နေ့လည် (၁၂း၃၀) နာရီတွင် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်များ ဆက်လက်ကျင်းပရာ တိုင်းရင်းသားမျိုးနွယ်စုအလိုက်၊ ဒေသတို့ကို အခြေခံလျှက် ပါတီကော်မတီဝင်များ ရွေးချယ်မှုပြုကာ ကော်မတီဝင်များက ကတိသစ္စာပြုကာ ကြွေးကြော်သံများဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Credit – U Nyunt Win


Leave a Reply