တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၇) ရက် နံနက်ပိုင်း က မကာဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပပြီးနောက် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

IMG_8632

တာချီလိတ်ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးတွင် ခရိုင်ပါတီ၏ လုပ်ငန်း ဆောင်ရွက်ချက်အား ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံမှ ဖတ်ကြားတင်ပြပြီး ခရိုင်ကော်မတီဟောင်းများ နှုတ်ထွက်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဗဟို(အရံ)အလုပ်အမှုဆောင် ပြည်နယ်ပါတီကော်မတီဝင်၊ တာချီလိတ်တာဝန်ခံ ဒေါ်တင် မေထွန်း မှ ခရိုင်ပါတီကော်မတီဝင် (၉)ဦး၊ ခရိုင်(အရံ)ကော်မတီဝင်(၉)ဦးထဲမှ ခရိုင်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး (၃)ဦး၏ အမည်စာရင်း တင်သွင်းခြင်းများဆောင်ရွက်ပြီး သဘာပတိ ကြီးမှ ခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး အဖြစ် ဦးချမ်းမြ၊ ခရိုင်ပါတီဘဏ္ဍာရေးမှူးအဖြစ် ဦးဝေယံဦးတို့၏ အမည်စာရင်းများကို ကန့်ကွက်ရန် ရှိ/မရှိ မေးမြန်းပြီး အတည်ပြု ကြေ ငြာခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ (အရံ) ကော်မတီဝင်များအား ပြည်နယ်ပါတီမှ တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် သဘာပတိကြီးမှ နိဂုံးချုပ်စကားပြောကြားပြီံး ကြွေးကြော်သံ များဖြင့် အခမ်းအနား (၁၁း၃၀) တွင် အောင်မြင်စွာ ဂုတ်သိမ်းခဲ့ပါသည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ပါတီစည်းရုံးရေးမှူးများဖြစ်ကြသည် ဦးဘိုဘိုမောင်၊ ဦးထက်အောင်တို့မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ ပါတီအင်အား (၁၆၀)ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

တာချီလိတ်ပြည်ခိုင်ဖြိုး


Leave a Reply